VibeSec

VibeSec

Web URL ထည့်လိုက်ရုံနဲ့ Security Vulnerabilities, Exposed Secrets, Misconfigured Headers တွေကို ရှာဖွေစစ်ဆေးပေးတဲ့ Android App ဖြစ်ပါတယ်။

ai-assisteducationproductivity

About this launch

အခုနောက်ပိုင်း AI တွေ၊ Vibe Coding တွေ ခေတ်စားလာတော့ Website တစ်ခု၊ Web App တစ်ခု ရေးဖို့ဆိုတာ အရင်ကလောက် မခက်တော့ဘူး။ Idea ရှိတာနဲ့ တော်တော်များများက အလွယ်တကူ ဖန်တီးလာနိုင်ကြပြီ။ ဒါပေမယ့် အဲဒီမှာ ပြဿနာတစ်ခု သွားတွေ့တယ်။ Code တွေ အလွယ်တကူ ရေးလာနိုင်ပေမယ့် ငါ့ Website တကယ်ရော လုံခြုံရဲ့လား ဆိုတာကိုကျတော့ တော်တော်များများက သေချာမစစ်တတ်ကြဘူး။ တကယ်တော့ Security ဆိုတာ ကိုယ့်ပရောဂျက်တစ်ခုအတွက် အသက်ပဲလေ။ ဒါပေမယ့် Security Knowledge သိပ်မရှိရင် ဘယ်ကစပြီး စစ်ရမှန်းတောင် သိမှာမဟုတ်ဘူး။ အဲဒီလို လုံခြုံရေးပိုင်း သိပ်မကျွမ်းကျင်တဲ့သူတွေ၊ ကိုယ့် Web ကို မြန်မြန်ဆန်ဆန် စစ်ချင်တဲ့သူတွေအတွက် ရည်ရွယ်ပြီး VibeSec ဆိုတဲ့ Security Scanner App လေးတစ်ခု ကျနော် ရေးဖြစ်သွားတယ်။ သုံးရတာ အရမ်းလွယ်ပါတယ်။ ဘာ Technical Knowledge မှ ရှိစရာမလိုဘူး။ App ထဲမှာ ကိုယ်စစ်ချင်တဲ့ Website ရဲ့ URL (လင့်ခ်) လေးကို ကောက်ထည့်လိုက်ရုံပဲ။ သူက နောက်ကွယ်ကနေ အလိုအလျောက် စစ်ပေးပြီး... ✅ ကိုယ့် Web ရဲ့ လုံခြုံရေးအခြေအနေ (Score ဘယ်လောက်၊ Grade ဘာရလဲဆိုတာ) ကို သာမန်လူတွေပါ နားလည်လွယ်တဲ့ပုံစံနဲ့ ရှင်းပြပေးပါတယ်။ ✅အရေးအကြီးဆုံးက... ကိုယ့် Website ထဲမှာ မတော်တဆ ကျန်ခဲ့တဲ့၊ ပေါက်ကြားနိုင်တဲ့ API Key တွေ (Risk ရှိတဲ့ Secrets တွေ) တွေ့ရင်လည်း Report ထဲမှာ တစ်ခါတည်း အတိအကျ ထုတ်ပြပေးဦးမှာပါ။

Media

Launch team

Team

Jeff Clay

@jeffclay

hunter

Comments

0

No comments yet.

Reviews

0.0 · 0 reviews
Write a review

No reviews yet.